NEWMEN NEWMEN
MENU
15 May 2017
Visual Design တစ်ခုကို ပုံဖော်ကြည့်ခြင်း

ကျွန်တော်တို့ Design တွေလုပ်ကာစအချိန်တုန်းက... Clients တွေဆီကနေ သူတို့ website မှာပါမယ့်... Contents တွေရရင် Adobe Photshop လေးကိုဖွင့်တယ်... Canvas အသစ်တစ်ခုယူလိုက်တယ်.... စာတွေ ပုံတွေကို တင်ပြီး layout ချတော့တာပဲ...။ အဲတုန်းက ဘာမှမစဉ်းစားဘူး...Clients နဲ့ စကားမပြောဘူး...Pages တွေကိုပဲလှအောင်လုပ်ချင်နေတာ...။ ကျွန်တော်တို့က Web Design ကို Pages Design လို့တွေးပြီး.. Pages တွေလှအောင်လို့ပဲစဉ်းစားတယ်...။ အဲတော့ နောက် Project တစ်ခုထပ်လာ အဲလိုပဲ... Pages တွေကိုပဲ Design လုပ်ဖို့ကြိုးစားတော့တာ...။

ဒီနေရာမှာ ကိုယ်လုပ်ထားတဲ့ Visual Design လေးကို Canvas ပေါ်တင်အားမရတဲ့ လူတွေကတော့... သူတို့ Design လေးကို Web Browser ပေါ်မှာပါ မြင်ချင်ကြတော့တာ...ကိုယ်တွေလိုပေါ့..

တစ်ခုသာတာက Browser Canvas က Photoshop Canvas လိုမဟုတ်ဘဲ Markup နဲ့ CSS ကိုသူ့ထဲကိုထည့်လို့ ရအောင်လုပ်ပေးတာပဲ...။ အဲတော့ Coding တွေထပ်လေ့လာပေါ့...။

အဲလိုနဲ့ ဒီအတိုင်းဆိုရင်တော့ ကိုယ်သွားနေတဲ့ လမ်းကြောင်းကြီးက တစ်ခုခုတော့လွဲနေပြီလို့ခံစားလာရတယ်..။ Web Design စာအုပ်တွေလိုက်ရှာပြီး... ဖတ်ကြည့်တယ်...။ အဲတော့မှ သူတို့တွေဘယ်လိုလုပ်လဲသိလာတယ်...။

သူတို့က Clients နဲ့ စကားပြောတယ်...။ သူ့လုပ်ငန်းအကြောင်းနားလည်အောင်လုပ်တယ်...သူ့နေရာကနေဝင်ကြည့်တယ်...Users တွေကို ပြချင်တဲ့.. ပြောချင်တဲ့ Contents တွေကိုပဲ Analyze လုပ်ကြတယ်...။ အဲဒါတွေနဲ့ပဲအချိန်ကုန်ရင်း Design ကိုစဉ်းစားသွားကြတာ...။ ကိုယ်တွေနဲ့ကွာတာက သူတို့က Pages တွေကို Design မလုပ်ဘဲနဲ့... System တစ်ခုကို Design လုပ်နေကြတာဗျ...။

အဲတော့မှ ကြားဖူးတာက System တစ်ခု ပုံဖော်ဖို့ Principles နဲ့ Elements တွေရှိတယ်ဗျ...။ သူတို့ တွေက Visual Design ရဲ့ အခြေခံပဲ...။ Elements တွေကတော့ ခြောက်မျိုး ရှိတယ်...။ အဲထက်လည်း ပိုရင်ပိုမှာပေါ့ဗျာ..။

၁။ Lines ( Shapes တွေပေါ်အောင်လို့ Lines တွေကကူညီတယ်...။ Section တွေခွဲပြလို့ရတယ်..။ သူ့မှာ Length ရှိတယ် Width ရှိတယ် Direction ရှိတယ်...။)

၂။ Shpaes ( Area တွေ Value တွေကို Colour နဲ့ Textures တွေသုံးပြီး ပုံဖော်တယ်..။ Images နဲ့ Text Objects တွေကို Shapes တွေနဲ့ ဖွဲ့စည်းတယ်...။)

၃။ Color Palette ( Shapes နဲ့ Items တွေကို သိသာအောင် ခွဲပြတယ်...။ Emotion နဲ့ Feelings တွေပါဖြစ်စေတယ်..။)

၄။ Texture ( ပိုပြီး Attraction ကောင်းအောင် ဒါမှမဟုတ် မကောင်းအောင် Textures တွေသုံးတယ်..။)

၅။ Typography ( သူ့မှာကတော့ Fonts, Size, Colour, Spacing နဲ့ Alignment တွေပါတယ်...။)

၆။ Form ( Textures တွေကို ပိုပြီး Attraction ကောင်းအောင် 3d object တွေထည့်တယ်။ နောက်ပြီး User ကိုပြဖို့ Message alert လိုမျိုးတွေထည့်တယ်..။)

Basic Principles တွေကတော့ ခုနစ်မျိုး ရှိတယ်ဗျ...။ Visual Design အတွက်ဆိုပြီး Official Design Rules ဆိုပြီးတော့တော့ မရှိဘူး။ Design တစ်ခုရဲ့ အလှကတော့ သူ့ရဲ့ Audience ပေါ်ပဲမူတည်မယ်ထင်တယ်...။

၁။ Balance ( Objects တွေကို အစီအစဉ်တကျ နေရာချတယ်..။ Symmetric ဖြစ်ရင်ဖြစ် မဖြစ်ရင် Asymmetric ပေါ့..။)

၂။ Rhythm ( Elements တွေကို ထပ်ကာထပ်ကာ သုံတယ်...။ အဓိကက ကျွန်တော်တို့ရဲ့ Eye Movement ကို ဖြစ်စေတယ်..ဥပမာ...ညာကနေ ဘယ်ကိုကြည့်မလား...အပေါ်ကနေအောက်လားဆိုတာမျိုးပေါ့...။)

၃။ Proportion ( Scale လို့လဲခေါ်တယ်..။ Product Items သုံးလေးခုယှဉ်ပြမယ်ဗျာ...တစ်ခုနဲ့တစ်ခု Size မှာဘယ်လောက်ခြားနေ တယ်ပေါ့...။ Apple Website ကြည့်ဗျ...။ Iphone Models တွေပြတဲ့အခါမှာ..။)

၄။ Space ( White Space လို့လဲခေါ်တယ်..။ တစ်ခုနဲ့ တစ်ခု မထပ်ရအောင် Readability ပိုကောင်းအောင်လုပ်တာမျိုး..။ နမူနာကတော့ Apple Website ပဲ..။)

၅။ Dominance ( Focal Point လို့လဲခေါ်တယ်...။ Color တွေ Shapes တွေသုံးပြီး User ကိုကြည့်စေချင်တာမျိုး...။)

၆။ Hierarchy ( Primary နဲ့ Secondary Focus ကိုခွဲခြားပြတယ်..။ နေ့စဉ်သုံးတဲ့ Google Website ပေါ့...။ အရင်ဆုံး Form Field ထဲ ကို စာရိုက်တယ်...နောက် Search Button ကိုရောက်တယ်...။)

၇။ Unity ( Big Picture ပဲ..။ တူတဲ့ Elements တွေကို Group လုပ်လိုက်တာ...။)

Design Principles တွေထဲမှာ C.R.A.P ကတော့ နာမည်ကြီးပဲ...။ Contract , Repetition, Allignment and Proximity ။ ဒီထက်ပိုလေ့လာချင်ရင် The Non-Designer's Design Book ဆိုတဲ့စာအုပ်လေး ရှာဖတ်ကြည့်ဗျာ...။ Author က Robin Williams ( not the actor )..။

System တစ်ခုကို Design လုပ်ရင် Document လုပ်ထားကြတယ်ဗျ..။ Headings တွေက Font Sizes ဘယ်လောက်တွေသုံးထားတယ်...။ Colors တွေကတော့ ဘာတွေသုံးတယ်ဆိုတာတွေပြဖို့...။ သူတို့ကိုတော့ Style Tyles တို့ Pattern Library တွေလို့ခေါ်တယ်...။

အဲဒါတွေက Projects အကြီးကြီးတွေဆိုရင်တော့ Invest လုပ်ရတာကောင်းတယ်...။ Project အသေးတွေကတော့ အဆင်မပြေဘူးထင်တယ်...။ ကိုယ်ရတဲ့ အချိန်နဲ့ ဒီမှာရတဲ့ ဈေးကွက်ပေါ်မူတည်မယ်ထင်တယ်...။

Jeffrey Veen ဆိုတဲ့ ဘဲကြီးက The Art and Science of Web Design ဆိုတာကို လွန်ခဲ့တဲ့ 2000 ခုနှစ်လောက်ကရေးခဲ့တယ်...။ သူ့ Phillo တစ်ခုကြည့်ကြည့်ပါဦးဗျာ...။

" I've been amazed at how often those outside the discipline of design assume that what designers do is decoration -- likely because so much bad design simply is decoration. Good design isn't. Good design is problem solving. " _ Jeffrey Veen

ကျွန်တော် Visual Design နဲ့ပတ်သတ်ပြီး နားလည်သလောက် Intro လေးပါ...။ ဒီ Industry ထဲကိုဝင်ဖို့ကြိုးစားနေတဲ့... လူတွေလမ်းမှန်မြန်မြန်ရောက်စေချင်တယ်။ ကိုယ်ရောက်လာတဲ့အထိတော့ ပြန်ပြောနိုင်တာပေါ့...ကိုယ်မှားခဲ့တာတွေ...လုပ်သင့်တာတွေ...ဖတ်သင့်တာတွေ....။

I believe you can make a good living doing work you love.
Just a sec.