NEWMEN NEWMEN
MENU
5 Oct 2016
JAVASCRIPT IS EATING THE WORLD?

အခုဆိုရင် တဖြည်းဖြည်းနဲ့ JavaScript က apps တွေ websites တွေ Server-Side Development တွေမှာ Default Language အနေနဲ့ဖြစ်လာနေပါပြီ...။

Traditional Back End Development ကနေပြီး JavaScript ကိုသုံးပြီး Develop လုပ်လာနေကြပြီ...။ ဟိုး အရင်နှစ်တွေကတော့ PHP က web language အနေနဲ့ ဦးဆောင်နေရာကနေ သူ့နေရာ ကို JavaScript ကနေရာယူလာပါပြီ...။ အဲဒါကတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် လက်ခံနေရပြီ...။

လက်ရှိ Company တွေက လူရှာရင်လဲ...Traditional Development ပိုင်းကို ချန်ခဲ့ပါပြီ...။ အရင်ကတော့...သူတို့အလုပ်ခေါ်ရင် ဒီပုံစံလေးတွေ့ရမှာပါ...။

  • (၁) Frontend developer - Traditionally just converted PSDs to HTML and CSS
  • (၂) Backend developer - PHP, Ruby, ASP.net who will code up the linking of the front-end to server
  • (၃) Devops developers - To handle the server construction
  • (၄) Mobile developers - Creating the ios and android apps
  • (၅) Desktop application developers
  • အခုလက်ရှိကတော့ JavaScript Developers တွေက ခုန Areas တွေအကုန်လုံးကို handle လုပ်နိုင်နေကြပါပြီ...။ Frontend Development လို့ဆိုလိုက်ရင် HTML နဲ့ CSS တင်မဟုတ်ဘဲနဲ့ Product တစ်ခုလုံးကို တည်ဆောက်လာနိုင်ပါပြီ....။ Events တွေ handle လုပ်နိုင်တယ်...၊ API အနေနဲ့ JSON ကို data store လုပ်နိုင်တယ်...၊ Node JS က Web Server ဖြစ်လာပြီ...။ Angular နဲ့ React ကိုသုံးပြီး Native Mobile App တစ်ခုကို JavaScript နဲ့လုပ်လို့ရလာပြီ...။

    အဲတော့ JavaScript ကိုဘယ်နေရာကနေစလေ့လာမလဲဆိုတာ... အခက်ဆုံးအပိုင်းဖြစ်သွားပြီ...။

  • - NodeJS
  • - AngularJS
  • - React
  • - VueJS
  • - Backbone
  • - Ember
  • - KnockoutJS
  • - Dojo
  • - Knockback
  • - CanJS
  • - Polymer
  • - Ampersand
  • - Flight
  • - TypeScript
  • - VanillaJS
  • ဒါတွေကတော့ လက်ရှိ JS Frameworks အချို့ ဖြစ်ပါတယ်..။ ဘယ်ဟာကို ရွေးမလဲပေါ့...။ အခုလက်ရှိ Hot နေတာက Angular နဲ့ React ပါ...။

    နှစ်ခုစလုံးက Largest Communities ရှိပြီးသား...အလုပ်အကိုင် အခွင့်အလမ်း အမြင့်ဆုံးဖြစ်ပါတယ်..။ အဲတော့ ကျွန်တော်တို့ Angular နဲ့ React မှာဘယ်ဟာကို လေ့လာမလဲဆိုတာ စစဉ်းစားရတော့မယ်...။ ကျွန်တော့် အနေအထားကတော့ ဘယ်ဟာပိုကောင်းတယ် ဘာညာဆိုပြီး ပြောနိုင်တဲ့အနေအထားမဟုတ်ပါဘူး...။

    အဓိက ခြားနားချက်ကတော့ Angular က Framework ဖြစ်ပြီး React က Library တစ်ခုပါ...အဲဒါဘာလဲဆိုတော့... ကျွန်တော်တို့ Computer တစ်လုံး စင်မယ်ဆိုရင် စင်ပြီးသား(readymade) Computer တစ်လုံးကို ဝယ်သုံးတာနဲ့ ကိုယ်လိုချင်တဲ့ အစိတ်အပိုင်းတွေပဲ ဝယ်ပြီးတော့ စင်တာနဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်...။

    ဒါပေမယ့် အံ့သြစရာကောင်းတာက Angular နဲ့ React အရှုပ်အထွေးကြားမှာ Vue JS ကို လူတော်တော်များများက Suggest(recommend) လုပ်လာကြပါတယ်...။ အသံထွက်ကတော့ ဗျူး လို့ထွက်မယ်ထင်တယ်... Vue (pronounced /vjuː/, like view) ။ သူ့ကိုလူကြိုက်များမှုကလဲ တဖြည်းဖြည်းများလာနေပြီ...။ ကျွန်တော်လဲ Angular လေ့လာဖူးပါတယ်..။ Online မှာကျွန်တော် Ultimate Angular JS ဆိုတဲ့ Course ကို Udemy မှာတက်ခဲ့တယ်...။

    ကျွန်တော့်ကိုသင်ပေးတဲ့ ဆရာကိုယ်တိုင်လဲ Vue Js ကိုလေ့လာခိုင်းနေပါတယ်...။ သူကဘာပြောလဲဆိုတော့ Vue JS ရဲ့ core library က View Layer ကိုပဲ အဓိကထားတယ်...လေ့လာရတာလွယ်တယ်... ကိုယ့် project ကိုအခြား library တွေ ရှိပြီးသား projects တွေနဲ့ အလွယ်တကူ ပေါင်းစပ်လို့ရတယ်...။ အဲဒါဆိုတော့ ကိုလိုချင်တဲ့ Single Page Apps တွေကို တခြား modernize tools တွေ libraries တွေနဲ့.. တွဲသုံးနိုင်တယ်...။

    Vue JS

    Vue JS Official Site

    Reference

    I believe you can make a good living doing work you love.
    Just a sec.